Picture

ကြယ်တို့သည်၎င်း၊ အမှောင်သည်၎င်း


ညကိုဖန်ဆင်းအပ်ပြီ။

ငါသည်  . . .

ကြယ်စုအရေအတွက်ကို အတိအကျမသိလို

အမှောင်၏နက်ရှိုင်းမှုကိုလည်း မသိလိုတော့ပေ။

အိုဘယ့် … ကမ္ဘာမြေ

နှစ်ခြိုက်စွာ အိပ်စက်ပါလေတော့။

လရောင်ဆန်သော ရေကန်၏အရိပ်တို့သည်

ည၀န်းကျင်၌ထင်ဟပ်နေစေ။

နိုးကြားသောငှက်တချို့လည်း ပျံကြပါစေတော့။

အလွမ်းကိုသယ်ပိုးလျက်ဆက်သသော တေးသီချင်းများကို

နံရံများက နားဆင်ကြ၍

ဖန်သားပြင်ကို ကြည့်ရှုလေသော  နှလုံးသားများသည်

အိပ်ပျော်ကြကုန်၏။

အိုဘယ့် … ကမ္ဘာမြေ

သင်လည်းအိပ်စက်ပါလေတော့။

ကောင်းသောညသည် ဖြစ်၍

ည၏ကောင်းခြင်းသည် သင့်အတွက် ဖြစ်ပါစေသတည်း။

ချစ်သော ကမ္ဘာမြေ

ကောင်းမွန်စွာ အိပ်စက်ပါလေတော့ ။  ။

(မိုဃ်းဝေ)

မြသွေးနီ
6/3/2010 07:57:24 pm

ကမ္ဘာမြေကို အိပ်စက်စေလိုတဲ့
ကဗျာရှင် ကိုယ်တိုင်..
အိပ်မရ ညတွေ ...
ကျော်ဖြတ်နေရတာများလား..။

Reply
anatyaung
6/21/2010 05:52:19 pm

တစ်မျိုးသောခံစားချက်ကိုပေးစွမ်းနိုင်သောကဗျာလေးပါဘဲ

Reply
သီဟ
9/13/2011 03:25:04 am

အိုဘယ့် … ကမ္ဘာမြေ

သင်လည်းအိပ်စက်ပါလေတော့။

ကောင်းသောညသည် ဖြစ်၍

ငါလည်း အိပ်စက်ပါတော့မည်။

Reply



Leave a Reply.