University မဟုတ်တဲ့အတွက်
လွယ်အိတ်တွေကို လွှင့်ပစ်ခဲ့ကြ၊
ခဲတံတွေကို ထားခဲ့ကြ။
ထည့်သိုစရာ
ဦးခေါင်းခွံတစ်ခုလုံးရှိနေမှပဲ
ရေးမှတ်စရာ
နှလုံးသွေးတို့ရှိနေလျက်နဲ့
အပဲ့ပဲ့ အရွဲ့ရွဲ့
မှတ်စုဟောင်းတွေလဲ သယ်မလာနဲ့
သင်ယူဖို့အဆင်သင့်ဖြစ်ပြီဆိုရင်
မင်းနဲ့ဘဝ
ဘ၀နဲ့မင်း
သူတို့ချင်း သူတို့ချင်း
အဆင်ပြေပြေ ရောထွေးသွားလိမ့်မယ်။ ။
( မိုဃ်းဝေ )
လွယ်အိတ်တွေကို လွှင့်ပစ်ခဲ့ကြ၊
ခဲတံတွေကို ထားခဲ့ကြ။
ထည့်သိုစရာ
ဦးခေါင်းခွံတစ်ခုလုံးရှိနေမှပဲ
ရေးမှတ်စရာ
နှလုံးသွေးတို့ရှိနေလျက်နဲ့
အပဲ့ပဲ့ အရွဲ့ရွဲ့
မှတ်စုဟောင်းတွေလဲ သယ်မလာနဲ့
သင်ယူဖို့အဆင်သင့်ဖြစ်ပြီဆိုရင်
မင်းနဲ့ဘဝ
ဘ၀နဲ့မင်း
သူတို့ချင်း သူတို့ချင်း
အဆင်ပြေပြေ ရောထွေးသွားလိမ့်မယ်။ ။
( မိုဃ်းဝေ )