နှုတ်ဆက်ပါတယ်
ညနေခင်းမှာ အိပ်မောကျနေတတ်တဲ့
ငှက်ပျင်းကလေးတစ်ကောင်ပေါ့
ငါ … အထိတ်တလန့်နိုးလာတဲ့အချိန်မှာ
အချစ်က ဘေးမှာ … မရှိတော့ဘူး။
မသွားပါနဲ့လို့ ပြောသင့်ပါတယ်
ပြောလည်းပြောချင်ခဲ့ပါတယ်
ဒါပေမယ့် … ငါပြောဖြစ်ခဲ့တာက
… နှုတ်ဆက်ပါတယ် … တဲ့ ။
နှုတ်ဆက်ပါတယ် …
မင်းရဲ့ခြေသံက ငါ့နှလုံးသားတစ်ခုလုံးကို
သစ်ရွက်လိုခြွေချသွားတယ်။
နှုတ်ဆက်ပါတယ်
အိပ်မက်တွေ မက်နေမိတဲ့ညနေခင်းမှာ
ငါ့အတွက် … တေးသီချင်းမရှိဘူးဆိုတာ
ငါ … ကြိုသိနေလို့ပါ။
နှုတ်ဆက်ပါတယ်
ဟိုးအဝေးက တေးသီချင်းပွဲတော်မှာ
အချစ်ဆိုတာ လူသတ်ကုန်းလား… ဆိုတဲ့မေးခွန်းကိုမေးဖို့
ငါ … ပျံသန်းသွားရတော့မယ်။နှုတ်ဆက်ပါတယ်
အကြောင်းတိုက်ဆိုင်တဲ့အခါ
ငါ … ဆိုတာကို သတိရပေးပေါ့။
နှုတ်ဆက်ပါတယ် …
ညနေခင်းမှာ သီချင်းဆိုဖို့မေ့နေတတ်တဲ့
ငှက်ပျင်းလေးရဲ့တစ်ဘ၀လုံး
နောက်ဆုံးပြောဖြစ်ခဲ့တဲ့စကားတစ်ခွန်း
အထပ်ထပ်ရေရွတ်ရင်းနဲ့ပဲ
နှုတ်ဆက်ပါတယ် …
နှုတ်ဆက် .. ပါတယ် ..
နှုတ်ဆက်ပါတယ် …
နှုတ်.. ဆက် .. ခဲ့ .. ပါ.. တယ် ။ ။
(မိုဃ်းဝေ)
ငှက်ပျင်းကလေးတစ်ကောင်ပေါ့
ငါ … အထိတ်တလန့်နိုးလာတဲ့အချိန်မှာ
အချစ်က ဘေးမှာ … မရှိတော့ဘူး။
မသွားပါနဲ့လို့ ပြောသင့်ပါတယ်
ပြောလည်းပြောချင်ခဲ့ပါတယ်
ဒါပေမယ့် … ငါပြောဖြစ်ခဲ့တာက
… နှုတ်ဆက်ပါတယ် … တဲ့ ။
နှုတ်ဆက်ပါတယ် …
မင်းရဲ့ခြေသံက ငါ့နှလုံးသားတစ်ခုလုံးကို
သစ်ရွက်လိုခြွေချသွားတယ်။
နှုတ်ဆက်ပါတယ်
အိပ်မက်တွေ မက်နေမိတဲ့ညနေခင်းမှာ
ငါ့အတွက် … တေးသီချင်းမရှိဘူးဆိုတာ
ငါ … ကြိုသိနေလို့ပါ။
နှုတ်ဆက်ပါတယ်
ဟိုးအဝေးက တေးသီချင်းပွဲတော်မှာ
အချစ်ဆိုတာ လူသတ်ကုန်းလား… ဆိုတဲ့မေးခွန်းကိုမေးဖို့
ငါ … ပျံသန်းသွားရတော့မယ်။နှုတ်ဆက်ပါတယ်
အကြောင်းတိုက်ဆိုင်တဲ့အခါ
ငါ … ဆိုတာကို သတိရပေးပေါ့။
နှုတ်ဆက်ပါတယ် …
ညနေခင်းမှာ သီချင်းဆိုဖို့မေ့နေတတ်တဲ့
ငှက်ပျင်းလေးရဲ့တစ်ဘ၀လုံး
နောက်ဆုံးပြောဖြစ်ခဲ့တဲ့စကားတစ်ခွန်း
အထပ်ထပ်ရေရွတ်ရင်းနဲ့ပဲ
နှုတ်ဆက်ပါတယ် …
နှုတ်ဆက် .. ပါတယ် ..
နှုတ်ဆက်ပါတယ် …
နှုတ်.. ဆက် .. ခဲ့ .. ပါ.. တယ် ။ ။
(မိုဃ်းဝေ)