လက်
*
လူနဲ့ လက်နဲ့ ခွဲရခက်တယ် …။
*
ညစ်ပတ်တဲ့ အ၀တ်တွေ
လျှော်ဖွတ်ခဲ့တဲ့ … လက်
မြင့်မြတ်တဲ့ အရာတွေ
ဖန်တီးခဲ့တဲ့ … လက် ။
*
တရားသဘောရစေတဲ့ … လက်
အများသဘောကျစေတဲ့ … လက် ။
*
မဟုတ်တာတွေ လုပ်တော့လဲ
ဒီ … လက်
ဟုတ်တာတွေ လုပ်တော့လဲ
ဒီ … လက် ။
*
မကောင်းမှု လုပ်တဲ့ … လက်
ကောင်းမှု လုပ်တဲ့ … လက် ။
*
ပေးကမ်းတဲ့ … လက်
တောင်းရမ်းတဲ့ … လက် ။
*
ထမင်းချက်နေတဲ့ … လက်
ထမင်းငတ်စေတဲ့ … လက် ။
*
တစ်ဖက်ပဲ ပြတ်ပြတ်
တစ်ချောင်းပဲ ဖြတ်ဖြတ်
လက်ကတော့ … လက်ပဲ ။
လူနဲ့ လက်နဲ့ ခွဲရခက်တယ် …။
*
ရာဇ၀င်မှာ
သူရဲကောင်းရွေးတဲ့ … လက် ။
*
နန်းတော်တိုင်မှာ ထုံးသုတ်မိလို့
ရှင်ဘုရင်ကိုယ်တိုင်
ကိုယ့်လက်ညှိုးကိုယ်ပြန်ဖြတ်
အဲ့ဒီလို … လက်ပေါ့ ။
*
ခေါင်းလျှော်တဲ့ … လက်
ခြေဆေးတဲ့ … လက်
ဆေးဆိုးတဲ့ … လက်
ဆေးထိုးတဲ့ … လက်
ဂိမ်းဆော့တဲ့ … လက်
လူနဲ့ လက်နဲ့ ခွဲရခက်တယ် …။
*
သူများအပြစ်ကို
လက်ညှိုးထိုးတဲ့ … လက်
မိုးကြိုးပစ်ရင်
ထန်းလက်ကာမယ့် … လက် ။
*
ဖောက်ပြန်တဲ့ … လက်
ထောက်ခံတဲ့ … လက်
အလုပ်ရှုပ်နေတဲ့ … လက်
အရှုပ်လုပ်နေတဲ့ … လက်
လူနဲ့ လက်နဲ့ ခွဲရခက်တယ် …။
*
အနုပညာလက်
တင်းပုတ်လက်
ကျွန်းခံနေတဲ့ လက်
အမျိုးမျိုး အစုံစုံ
သတ်မှတ်ကြတဲ့ … လက် ။
*
လက်ကိုကြည့်ပြီး
လူကို ခွဲခြားတယ်
လူနဲ့ လက်နဲ့ ခွဲရခက်တယ် …။
လက်ရဲ့ အလုပ်မှာ
လူဟာ … အမျိုးစုံပြောင်းလဲရတယ်
လူနဲ့ လက်နဲ့ ခွဲရခက်တယ် …။
( ထပ်ပြောပါဦးမယ် )
လက်ကိုကြည့်ပြီး
လူကိုခွဲခြားတဲ့ လောကကြီးမှာ
လူနဲ့ လက်နဲ့ ခွဲရခက်တယ် ။ ။
(မိုဃ်းဝေ)
*
လူနဲ့ လက်နဲ့ ခွဲရခက်တယ် …။
*
ညစ်ပတ်တဲ့ အ၀တ်တွေ
လျှော်ဖွတ်ခဲ့တဲ့ … လက်
မြင့်မြတ်တဲ့ အရာတွေ
ဖန်တီးခဲ့တဲ့ … လက် ။
*
တရားသဘောရစေတဲ့ … လက်
အများသဘောကျစေတဲ့ … လက် ။
*
မဟုတ်တာတွေ လုပ်တော့လဲ
ဒီ … လက်
ဟုတ်တာတွေ လုပ်တော့လဲ
ဒီ … လက် ။
*
မကောင်းမှု လုပ်တဲ့ … လက်
ကောင်းမှု လုပ်တဲ့ … လက် ။
*
ပေးကမ်းတဲ့ … လက်
တောင်းရမ်းတဲ့ … လက် ။
*
ထမင်းချက်နေတဲ့ … လက်
ထမင်းငတ်စေတဲ့ … လက် ။
*
တစ်ဖက်ပဲ ပြတ်ပြတ်
တစ်ချောင်းပဲ ဖြတ်ဖြတ်
လက်ကတော့ … လက်ပဲ ။
လူနဲ့ လက်နဲ့ ခွဲရခက်တယ် …။
*
ရာဇ၀င်မှာ
သူရဲကောင်းရွေးတဲ့ … လက် ။
*
နန်းတော်တိုင်မှာ ထုံးသုတ်မိလို့
ရှင်ဘုရင်ကိုယ်တိုင်
ကိုယ့်လက်ညှိုးကိုယ်ပြန်ဖြတ်
အဲ့ဒီလို … လက်ပေါ့ ။
*
ခေါင်းလျှော်တဲ့ … လက်
ခြေဆေးတဲ့ … လက်
ဆေးဆိုးတဲ့ … လက်
ဆေးထိုးတဲ့ … လက်
ဂိမ်းဆော့တဲ့ … လက်
လူနဲ့ လက်နဲ့ ခွဲရခက်တယ် …။
*
သူများအပြစ်ကို
လက်ညှိုးထိုးတဲ့ … လက်
မိုးကြိုးပစ်ရင်
ထန်းလက်ကာမယ့် … လက် ။
*
ဖောက်ပြန်တဲ့ … လက်
ထောက်ခံတဲ့ … လက်
အလုပ်ရှုပ်နေတဲ့ … လက်
အရှုပ်လုပ်နေတဲ့ … လက်
လူနဲ့ လက်နဲ့ ခွဲရခက်တယ် …။
*
အနုပညာလက်
တင်းပုတ်လက်
ကျွန်းခံနေတဲ့ လက်
အမျိုးမျိုး အစုံစုံ
သတ်မှတ်ကြတဲ့ … လက် ။
*
လက်ကိုကြည့်ပြီး
လူကို ခွဲခြားတယ်
လူနဲ့ လက်နဲ့ ခွဲရခက်တယ် …။
လက်ရဲ့ အလုပ်မှာ
လူဟာ … အမျိုးစုံပြောင်းလဲရတယ်
လူနဲ့ လက်နဲ့ ခွဲရခက်တယ် …။
( ထပ်ပြောပါဦးမယ် )
လက်ကိုကြည့်ပြီး
လူကိုခွဲခြားတဲ့ လောကကြီးမှာ
လူနဲ့ လက်နဲ့ ခွဲရခက်တယ် ။ ။
(မိုဃ်းဝေ)