သံ မှို တွေ အ ထပ် ထပ် နဲ့
ကြော်ငြာ တို့ ကပ် ခဲ့ ကြ တယ်
ငါ့ .... ပင် စည် မှာ ....။
နာရီတွေ ဟောင်း ချင် ဟောင်း မယ်
... ရာသီတွေ ပြောင်း ချင်ပြောင်း မယ်
ငါ့ ကို မှီ ထား တဲ့ ..... ကွမ်း ယာ ဆိုင် က
အ ကောင်း အ တိုင်း ရှိ နေ သေး တယ် ... ။
သူ တို့ ... ခေါင်း ပေါ် ကြွေ ကျ မှာ စိုး လို့
ငါ့ .. အ သီး .. ကို ... သူ တို့ .... ချိုင် တယ်
ဘယ်တော့ .. မှ .. ရင့် .. အောင် . . သူ တို့ .... မ ထား ဘူး
ရှုပ် ပါ တယ် ကွာ ...
အလက် တွေ ပါ ခုတ် ချ
တံမျက် စည်း .. လုပ် ကြ .. ရ အောင် ... တဲ့ .... ။
ငါ့ ... အရိပ် ကို ... ခို
ငါ့.... အသီးကို သူတို့ .... စား ...
ငါ့ လက် တွေ ကို ပါ ခုတ် ... ဖြတ်
သူတို့ ..... လုပ် ရက် ကြတယ် ... ။
အဖိုး တန် ကား များ ... ဟာ
ဘယ်တော့ ... မှ .. ငါ့.. အောက်မှာ မ ရ ပ် ဘူး
သစ်တစ်ပင် ကောင်း .. ငှက် တစ် သောင်း နား ရ .. သတဲ့
အခုတော့
ငါ့ ... ထံ မှာ ...
ကျီးတောင် အသိုက် ဆောက် ခွင့် ..... မရ ခဲ့ .... ဘူး ။
ကွမ်း ယာ ဆိုင် သာ ... ငါ့ ရဲ့ ....
အမွေဆက်ခံသူ ပ မာ ... ။
တ ခါ တ ခါ လည်း
... အုန်းပင် ထိပ် ဖျား မှာ
လ မင်း ကြီး သာနေတာ ကို
ငေးမော မိ သူ .. ရှိကောင်း ရှိ မယ်
နေထန်းတဖျား ရောက် ချိန် မှာ တော့ ....
ငါ့... ကို .. ဘယ် သူ မှ ...
မော့ ..... မ ကြည့် ..... ခဲ့
ငါလဲ
ငါ့.... အကြောင်း နဲ့ ..... ငါ
တ ခါ တ ခါ
လမင်းသာနေတာ ကို .. ငေးမောချင်မိတယ် .... ။
(မိုဃ်းဝေ)