ကဗျာပျက်ကပ်
-----------------
ဒီည ကဗျာရေးလို့မရဘူး
လွန်ခဲ့တဲ့ နှစ်နှစ်ကျော် သုံးနှစ်အတွင်း ဗလာကာလ လို
ရင်ဘတ်ကန္တာရမှာ တံလျှပ်လေးတစ်ခုတောင် အဲ့ဒီမှာ … ဆင်းရဲ… အဲဒီမှာ …
ဆူးရိုင်းပင်တွေသာ ရသမျှ အာဟာရ၊ စုပ်၊ ယူရှင်၊ သန်ဝ၊ ဖြိုး !
ကဗျာဟာသေရတယ်
ကဗျာအရိုးတို့ မတောက်တဲ့မီးနဲလောင်၊ လျှက်၊ သဲပူတွေတိုက်စား
ဖြူသည်ထက် ဖြူ , ဖြူလာ…
ဒီည ကဗျာရေးလို့မရတာ မဆန်းဘူး
အဲဒီ ရင်ဘတ်ကန္တာရမှာ နှလုံးသားအကာတွေလည်း
မောဟလွန်ရောင်ခြည်တွေသင့် ပါးလွှကာ ပေါက်ပြဲ
ကဗျာ့သားတော် အတွက် ရှုစရာ ‘ လေ ’ လည်း
နည်းသည်ထက် နည်း , နည်းလာ…
ရေ … ( အိုအေစစ် ) … အရိပ် ၊ တို့။ ဆီ၊ ကြည့် !
ဒီကဗျာရောက်နိုင်ပါ့မလား ?
‘ ဒါမျိုးတွေထပ်ခါ ထပ်ခါမပေးနဲ့တော့ ’ လို့ အသံခြောက်ကြီးအော်ထုတ်လိုက်လဲ
ပဲ့တင်သံအက်အက်နဲ့သာတုန့်ပြန်လေ့ရှိသော၊ လူများ…
ဒီကဗျာ ကြားမယ်ထင်သလား?
အပုပ်တွေ အအက်တွေ
စက်ဆုပ်ဖွယ် အတုတွေ
ခိုးကြ ယူကြ လဲလှယ်ကြ။ ရင်း၊ ပျော် !
ဒီကဗျာ…
“ ထပ်ကောင်းအောင်လဲ မရေးချင်တော့ ” ထက်မက
” ပြန်လည်ပြင်ဆင်ဖို့ကိုလဲ လက်လျှော့ ”
သဲဝဲစားလက်တွေနဲ့ ခလောက်မြွေတွေနဲ့
အပုပ်စားလဒတွေနဲ့ သဲမုန်တိုင်းတွေနဲ့၊ နေ။ သား၊ ကျ !
ရေကြည်ရာမြက်နုရာ ၊ ပိုပြီးပျော်မယ့်အတွေးအခေါ်
ပိုပြီးသာယာမယ့်အချိန် ၊ပိုပြီးကောင်းမယ့် ဖန်တီးမှု
မရင်းရဲသ၍ …
အဲဒီကပ်ခရီးခဲမှာ …
ဝဲ လှည့် ရင်း၊
သေ ကြ ! … ! ။
-----------------
ဒီည ကဗျာရေးလို့မရဘူး
လွန်ခဲ့တဲ့ နှစ်နှစ်ကျော် သုံးနှစ်အတွင်း ဗလာကာလ လို
ရင်ဘတ်ကန္တာရမှာ တံလျှပ်လေးတစ်ခုတောင် အဲ့ဒီမှာ … ဆင်းရဲ… အဲဒီမှာ …
ဆူးရိုင်းပင်တွေသာ ရသမျှ အာဟာရ၊ စုပ်၊ ယူရှင်၊ သန်ဝ၊ ဖြိုး !
ကဗျာဟာသေရတယ်
ကဗျာအရိုးတို့ မတောက်တဲ့မီးနဲလောင်၊ လျှက်၊ သဲပူတွေတိုက်စား
ဖြူသည်ထက် ဖြူ , ဖြူလာ…
ဒီည ကဗျာရေးလို့မရတာ မဆန်းဘူး
အဲဒီ ရင်ဘတ်ကန္တာရမှာ နှလုံးသားအကာတွေလည်း
မောဟလွန်ရောင်ခြည်တွေသင့် ပါးလွှကာ ပေါက်ပြဲ
ကဗျာ့သားတော် အတွက် ရှုစရာ ‘ လေ ’ လည်း
နည်းသည်ထက် နည်း , နည်းလာ…
ရေ … ( အိုအေစစ် ) … အရိပ် ၊ တို့။ ဆီ၊ ကြည့် !
ဒီကဗျာရောက်နိုင်ပါ့မလား ?
‘ ဒါမျိုးတွေထပ်ခါ ထပ်ခါမပေးနဲ့တော့ ’ လို့ အသံခြောက်ကြီးအော်ထုတ်လိုက်လဲ
ပဲ့တင်သံအက်အက်နဲ့သာတုန့်ပြန်လေ့ရှိသော၊ လူများ…
ဒီကဗျာ ကြားမယ်ထင်သလား?
အပုပ်တွေ အအက်တွေ
စက်ဆုပ်ဖွယ် အတုတွေ
ခိုးကြ ယူကြ လဲလှယ်ကြ။ ရင်း၊ ပျော် !
ဒီကဗျာ…
“ ထပ်ကောင်းအောင်လဲ မရေးချင်တော့ ” ထက်မက
” ပြန်လည်ပြင်ဆင်ဖို့ကိုလဲ လက်လျှော့ ”
သဲဝဲစားလက်တွေနဲ့ ခလောက်မြွေတွေနဲ့
အပုပ်စားလဒတွေနဲ့ သဲမုန်တိုင်းတွေနဲ့၊ နေ။ သား၊ ကျ !
ရေကြည်ရာမြက်နုရာ ၊ ပိုပြီးပျော်မယ့်အတွေးအခေါ်
ပိုပြီးသာယာမယ့်အချိန် ၊ပိုပြီးကောင်းမယ့် ဖန်တီးမှု
မရင်းရဲသ၍ …
အဲဒီကပ်ခရီးခဲမှာ …
ဝဲ လှည့် ရင်း၊
သေ ကြ ! … ! ။
ရင်ဘတ်ပိုင်ဆိုင်မှု မှတ်စု
သွေးထွက်အောင်မှန်တဲ့ ကဗျာတစ်ပုဒ်ရှိတယ်
စုဘူးလေးနဲ့စုထားတဲ့
သတ္တ၀ါတစ်ခု ကံတစ်ခုရှိတယ်
လိပ်ပြာတွေဖြစ်လာအောင်ပျိုးကြဲဖို့
မေမေ့လရောင်တွေရှိတယ်
စေတနာနဲ့မရိုက်သတ်ခဲ့ပေမယ့်
ဝတ္တရားအတိုင်းသွေးစုပ်သွားတဲ့ ခြင်တချို့ရှိတယ်
‘ လမင်း ’ဆိုတဲ့
ချစ်သူလွှတ်တင်ထားသော
အဖြူရောင်မီးပုံးလေးရှိတယ်။
ရွက်လွှင့်မယ်ဆိုတဲ့‘ ကျောက်တုံး ’
ရေစပ်မှာပဲ ရှုံးနိမ့်ခဲ့ရတာတွေရှိတယ် ။
သူတော်ကောင်းကိုနတ်ကောင်းမရင်
သူယုတ်မာကိုနတ်ဆိုးမလိမ့်မယ်ဆိုတဲ့ ခံယူချက်တွေရှိတယ်။
မင်းမှန်ဖို့အတွက် ငါမှားပေးရတာတွေရှိတယ်
အရက်ခွက်ထဲ ပြုတ်ကျသွားတဲ့
ငါ့မျက်လုံးတစ်လုံးရှိတယ်
သွေးထွက်အောင်မှန်တဲ့ (၀ါ)
သွေးထွက်နေတဲ့
ငါ့ကဗျာတစ်ပုဒ်ရှိတယ် ။ ။
=====================================
စာမျက်နှာ (၂)ထဲက စာကြောင်းရေ (၁၃)
လောကရဲ့အနားသတ်မျဉ်းတွေကို ချိုးဖြတ်
လာ … ငါတို့ ဖောက်ထွက်ကြမယ်
ရိုးစင်းေ၀၀ါးနေတဲ့ဖြစ်စဉ်တွေရဲ့တရားတွေ
ပုံစံခွက်ထဲကဖိအားတွေ
ဖြစ်လာနိုင်ကောင်းရဲ့ဆိုတဲ့ မျှော်လင့်ခြင်းတွေ
(၀ါ) မျှော်လင့်ချက်မရှိတဲ့ မျှော်လင့်ခြင်းတွေ
အရောင်အမျိုးမျိုးနဲ့ အတ္တ၀တ်ရုံတွေ
. .. … .... …..
အကြောင်းကို မေ့ပစ်ကြမယ်။
တန်ပြန်အကျိုးကိုလည်း မေ့ပစ်ကြမယ်
ဘာပဲဖြစ်ဖြစ် …
ပိန်းပိတ်နေတဲ့ အမှောင်ထုထဲမှာလည်း
အမှောင်ကိုတော့ မြင်နိုင်ကြပါတယ် ။ ။
=====================================
နှင်းဆီစိမ်းစိမ်း
နှလုံးသားကိုဆန့်ထုတ်
အတောင်ပံတွေလုပ်ပြီး
ပျံသန်းချင်ပါတယ်
ငါ့မှာ “လေ” မရှိခဲ့ ။
ငါ့ကိုယ်ကိုခွဲဖျက်
အရိုးလှေတစ်လက်နဲ့
ဒီလှိုင်းကိုလဲစောင့်ပါတယ်
ငါ့မှာ “ပင်လယ်” မရှိခဲ့
အဲ့ဒီ - ၀မရှိတဲ့ ၀ိလုပ်ချင်သူဟာ
နှင်းဆီကိုဆူးချိုး
ရင်ထဲမှာလဲ ပျိုးခဲ့မိတယ်
နောက်မှ
လေမရှိ ရေမရှိ နောင်တနဲ့
ငါ “…”
ဆူးတို့သစ်ချိန်မတိုင်ခင်
နှင်းဆီ “…”
ရနံ့တွေရုတ်သိမ်း
နင် ငါ့ကို စိမ်းပါတော့ ။ ။
=====================================
ရေအကျိုး ၁၂ ပါး
(က)
ငါ့ရဲ့အလင်းကြောင့် မင်းပူပြင်းရတယ်ဆိုရင်
ငါ့ရဲ့ဘ၀ကို အမှောင်အတိချထားလိုက်ပါမယ် ။
(ခ)
မင်းမှန်ဖို့အတွက်
ငါမှားပေးရရင်လည်း ငါ့အတွက်ကတော့ တရားနေမှာပဲ ။
(ဂ)
(နေ့တိုင်း)
အလွမ်းပြုသမျှ နုနေရတဲ့
မင်းလက်ခုပ်ထဲကရေဟာ ငါ ပါ
ပလုပ်ကျင်းချင်ကျင်း ၊ ခြေဆေးချင်ဆေး
မင်းအတွက် အေးမြစင်ကြယ်ခြင်းကိုပေးမယ်
(ဃ)
ဒါပေမယ့်ကောင်မလေးရယ်
ဟိုးအဝေးကပျံသန်းလာတဲ့ အိပ်မက်တောင်
မင်းပါမှ မက်တဲ့ ကောင်အတွက်
“ကမ္ဘာကနေကိုပတ်တယ်” ဆိုတာမျိုးလောက်သာ
မင်း ငါ့ကို နားလည်စမ်းပါ
ငါ့ကို . . . ။ ။
================================================
အသက်အရွယ်အလိုက်မှားတယ် အသက်အရွယ်အလိုက်မှန်တယ်
လပေါ်မှာလဲထိုင်ဖူးတယ် နေမင်းကိုလဲနမ်းဖူးတယ်
လေကိုရှူတာနဲ့တင် ရူးသွပ်တယ် ရေကိုသောက်တာနဲ့တင် မူးယစ်တယ်
သတ္တ၀ါနဲ့ သဘာဝကိုလည်း ၀ါးတားတားမြင်တယ်
ကောင်းလွန်းတဲ့ မကောင်းမှုတွေနဲ့
တရားဓမ္မကိုလည်း ဝေေ၀၀ါးဝါး သိတယ်
ငါလုပ်ရင် ဘာမဆိုဖြစ်တယ် ငါလုပ်နိုင်တာ တခုမှ မရှိဘူး
ရေတစ်စက်ရဲ့ ၀ဲဂယက်ထဲမှာ သေခြင်းကိုလည်းပြင်ဆင်ထားတယ်
မြင့်မိုရ်တောင်ကြီးပြိုကျလာလည်း ရှင်သန်ဖို့အတွက်ကြိုးစားတယ်
ဘ၀တူခြင်းတွေ့ရင် တပြိုင်နက်တည်း ခေါင်းငြိမ့်တယ် ခေါင်းခါတယ်
တစက္ကန့်ခြင်းစီကို တယုတယသိမ်းဆည်းတယ်
တစ်ဘ၀လုံးကို နာကျည်းယူကြုံးမရစွာ မေ့ပစ်တယ်
ငါ့နေ့တွေကို လှုပ်ရှားမှုက ၀ါးမြိုတယ်
ငါ့ညတွေကို ခံစားမှုက စားသောက်တယ်
ပါးစပ်ကိုဟပြီး ကျေးဇူးတင်စကားပြောတယ်
ပါးစပ်ကိုပိတ်ပြီး ဆဲရေးတယ်
နောင်တနဲ့ ကုဣိစကို သမာသတိနဲ့ အနိုင်ပိုင်းတယ်
အလေအလွင့်များများနဲ့ အုံကြွလာတဲ့ စိတ္တဇကို ရင်ရှိုက်သံနဲ့ လက်စားချေတယ်
ငါ့မျက်စိထဲ မုန်တိုင်းဝင်တယ်
ငါ့အလယ်ခေါင်က ဈာန်ဝင်စားမှုထွက်လာတယ်
ငါ - မင်းကို ၊ ငါ - ငါ့ကို ကောင်းစေချင်တယ်၊ ဆိုးစေချင်တယ်
အခု ငါ - မင်း ဒီကဗျာကို ပြုံးပြနေတယ်လို့ အိပ်မက်မက်နေတယ်
အခု ငါ ဒီကဗျာဖြစ်ပြီး မင်းကို မဲ့ပြနေရင်း အိပ်ယာက နိုး လာ တယ် ။ ။
( ၀က )
================================================
1997 - မနက်ခင်း
အဆုပ်တွေ ဖြာထွက်လာ
နေရောင်ကျဲ လရောင်ကျဲ
သွားဖို့ ပြန်ဖို့ ဝေးလွန်း မှောင်မဲလို့
စ’မှတ်နားမှာ အေးခဲနားနေခန်းမှာ စိတ်ကလေးမှာ
‘အရင်တုန်းကပါ . . ဗျာ’ တဲ့
ဘယ်သူကမှ မယုံလည်း သူကတော့ ယုံလိမ့်မယ်
ကိုယ်ကိုတိုင် မယုံလည်း သူကတော့ ယုံလိမ့်မယ်
အဲ့ဒီ . . . 1997 မနက်ခင်း - ခင်းနေစဉ်
အဲ့ဒီနေ့ဟာ မှန်ရှေ့မှာ အပြန်အလှန် နေ့ဆန်အောင် ပြင်ဆဲ
ဒေါင်လိုက် ဘ၀တစ်လျောက်မှာ အတွေးအရောင်ပြန့်တုန်းမှာ
မျက်ဝန်းအကြည့်တစ်ခုမှာ
ဒီမြင်ကွင်းကို ကူသူကယ်သူမရှိ
တိမ်တွေကို ရွေ့အောင် ကြည့်လို့ မရတော့ဘူး
တိမ်တွေ အုပ်စုလိုက်ရပ်နေ
တိမ်တွေ အဖျားအစွန်းငြိမ်သက်
သူ . . . မင်းအတွက် စိတ်တွေ တစက်စက် ကျနေတယ်
မကြည့်နဲ့ . . . မထိနဲ့
ေ၀၀ါးရုပ်ခန္ဓာဖွဲ့စည်းလွန်း ၊ အခေါ်အပြောရဲလွန်း ၊ သဘာဝနိုင်လွန်းသမို့
ညနေဆီရောက်အောင်သွားမယ့်လမ်း
1997 မနက်ခင်းမှာ
ဝေးလွန်းခဲ့တယ် . . .
ဝေး . . လွန်း .. ခဲ့ .. တယ် ။ ။
==================================================