ဂဏန်းတစ်ကောင်အတွက် ကံကြမ္မာ မပေးတတ်ခဲ့တဲ့ မျက်နှာသာ
....................................................................................................
ဒါ ဟာ .. တ ကယ် တော့
အ တွေး သတ် သတ် မ ဟုတ် ဘူး ။
ဟင်း တစ် ခွက် ဖြ စ် ဖို့ ရွေးတတ်ခဲ့တဲ့ ...
ကံ ကြ မ္မာ မ ပေး တတ် ခဲ့ တဲ့ မျက် နှာ သာ တစ် ခု ဖြစ်တယ် ။
ခင် ဗျား စဉ်း စား ကြည့် ပါ
ပင် လယ် မျက် နှာ ပြင် ရဲ့ အောက် မိုင် ပေါင်း များ စွာ
ကျွန် တော် တို့ စု ဝေး နေ ထိုင် ရာ ရယ် လို့
(.. ဝေ .. ၀ါး .. ၀ါး .. မှတ် .. မိ .. )
အဲ့ ဒီ .. အ ရပ် ဒေ သ တစ် ခု မှာ
ကံ ဆိုး စွာ .. ကျွန် တော် ဟာ .. ဝေး .. ကွာ ပျောက် .. လွင့် ... ။
ပင် လယ် စား သောက် ဆိုင် ...
လေး ထောင့် မှန် လှောင် ကန် တစ် ခု ထဲ မှာ
ကျွန် တော် ..
ကျပ် တည်း စွာ .. ခက် ခဲ စွာ
ဆူ စေ ဖြိုး စေ .. ကျွေး မွေး မှု တွေ နဲ့ ...
ဘာ မှန်း မသိ တဲ့ အ ကြောင်း ပြ ချက်တစ် ခု နဲ့
အ .. သက် .. ဆက် .. ရှင် .. ။
ကျွန် တော် ဟာ ...
ပင် လယ် ကို အိပ် မက် - မက် ခွင့် မ ရ ခဲ့ သူ ပါ ... ။
အ သက် ရှု ဖို့ ဖန် တီး ပေး ထား တဲ့ စ နစ် တစ် ခု နဲ့
အဲ့ ဒီ မှန် ပုံး တစ် ခု ဟာ ..
ကျွန် တော် သိ ခွင့် ရ ခဲ့ တဲ့ က မ္ဘာ ပါ ပဲ ... ။
နေ့ အ တု တစ် ခု နဲ့
အ လှ ဆင် ထား တဲ့ ည အ စစ် တစ် ခု ဆီ တိုင်း မှာ
ကျွန် တော် .. အ .. သက် .. ဆက် .. ရှင် .. ။
သေ ဆုံး ခြင်း နဲ့
အ သက် ရှင် ခြင်း မှာ ...
ကျွန် တော် တို့ ရဲ့ ကိုယ် ပိုင် တန် ဖိုး ဟာ
အ နဲ နဲ့ အ များ ... ဈေး ကွာ
သေ ပြီး သား အ ကောင် ဟာ မ ချို ဘူး
... ဆို တဲ့ စ ကား တစ် ခွန်း မှာ
ကျွန် တော် တို့ ရဲ့ ရှင် သန် ခြင်း ဟာ
အ .. ရေး .. ပါ .. အ ရာ .. ရောက် .. လာ .. ။
အ ရွယ် အ လိုက် .. အ လေး ချိန် အ လိုက်
( ဟင်း ပွဲ အ ရွယ် အ စား အ လိုက် )
ကျွန် တော် တို့ ရဲ့ ရှင် သန် ခြင်း ဟာ
မှေး .. မှိန် .. ပျောက် .. ကွယ် .. လာ ... ။
မှန် ပါ တယ်
ဒါ ဟာ ... တ ကယ် တော့
အ တွေး သတ် သတ် မ ဟုတ် ဘူး ... ။
ကံ ကြ မ္မာ မ ပေး တတ် ခဲ့ တဲ့ မျက် နှာ သာ တစ် ခု ဖြစ်တယ် ။
ဟင်း တစ် ခွက် ဖြ စ် ဖို့
( ရွေးတတ်ခဲ့တဲ့ ...)
စား သုံး သူ ရဲ့ လက် ညှိုး တစ် ချက် အောက် မှာ
ကျွန် တော် ဟာ ...
အ .. သက် .. ပျောက် .. ရ .. မှာ .. ဖြစ် .. တယ် .. ။ ။
(မိုဃ်းဝေ)
မေလ ၂၉ ရက်၊ ၂၀၁၂။