တာရာမင်းဝေ ( သင်နှင့် နံနက်ခင်းကိုသာ ၀င်ခွင့်ပြုမည် )
စာအုပ်ထဲက ... ကဗျာ ပါ ...။
မူရင်း ကဗျာကို မနော်ဟရီက ဘာသာပြန်ထားပါတယ်။
ကောင်းသောညပါ... တဲ့ ။
====
နေ
====
ကြယ်ကလေးတွေ စိုးစီစိုးစီနဲ့ပဲ
ငါ နိုးခဲ့ရ…။
မှော်ဆရာရဲ့ လွယ်အိတ်ထဲက
လွတ်ထွက်လာတဲ့နေလုံးလို
တစ်တောင်ပြီးတစ်တောင် နီလဲ့ခဲ့ရ…
ငါ ပျော်တယ်… ငါ့ဘာသာလည်း ပျော်တယ်
ငါကြောင့် သူများတွေပျော်တာကိုကြည့်ပြီးတော့လည်း
ငါ ပျော်တယ်။
ငါဟာ
ဘယ်တော့မှ တစ်ကိုယ်တော် မဖြစ်ခဲ့ပါဘူးကွယ်။
+++++++++++++
ပလုံ
ရေထဲကိုခဲကျသွားတာလည်းဖြစ်နိင်တယ်....
ရေထဲက ငါးခုန်တက်လာတာလည်း ဖြစ်နိင်တယ်....
တစ်နေ့မှာ ငါ့အထ္ထုပ္ပတ္တိကို ငါဖွင့်ကြည့်လိုက်တယ်....
ဘယ်လိုဖြစ်သွားသလဲမသိဘူး...
“ပလုံ”
+++++++++++++