ကဗျာပုဒ်ရေ .. တစ်ပုဒ်ထဲပဲ
ဒါပေမယ့် ငါ့မှာ ရေးနေလိုက်ရတာ မပြီးတော့ဘူး
ကောင်းသောညပါ နှုတ်ဆက်ဖို့
ပြတင်းပေါက်ကို ကြည့်လိုက်တယ်
အို ... ရောင်နီတောင် ပျိုးပြီပဲ ...
ကဗျာရေ
ကောင်းသောမနက်ပါကွယ်
ဒီညလဲ မင်းကို .. ငါ .. ပြီးအောင်မရေးလိုက်ရဘူး ... ။ ။
* (မိုဃ်းဝေ)