_ချောင်းဆိုးပျောက်ဆေးနဲ့ သကြားလုံးကို
အတူတူထားမိသလိုမျိုး
ဘ၀မှာ ခဏခဏ ဆေးစားမှားတယ်
ဖြစ်လာတာတွေဟာ
ပိုဆိုးဖို့လား
ပျက်ခဲ့တာတွေက
ပိုကောင်းဖို့လား
သေချာတာက
လက်မြှောက်အရှုံးပေးတတ်တဲ့စာရင်းထဲမှာ
ငါ့နာမည် မပါဘူး ။
ပုတ်သင်ညိုလို အရောင်မပြောင်းတတ်သရွေ့
ခေါင်းညိတ်ရခြင်းကို ဘ၀'လို့ထင်နေတတ်တဲ့ သတ္တ၀ါ တွေထဲမှာ
ငါ မပါ ဘူုး ။
ဒီအရပ်ဒေသမှာ .. ဒီမျိုးစေ့က မဖြစ်ထွန်းဘူး ပြောကြရုံနဲ့
ငါက .. မစိုက်ပျိုးရတော့ဘူး လား ။
ခရီးသွားဟန်လွဲ ဗဟုသုတအဖြစ်တောင် သင်တို့ စိတ်မ၀င်စားတဲ့
တောအုပ်တစ်ခုလုံးကို
ဟော့ဟိုတောင်ကုန်းပေါ်မှာ ငါ ပျိုးပေးခဲ့မယ် ..။
ခေါင်းညိတ်တတ်သော ပုတ်သင်ညိုများအား
ငါ .. အငြိုးထားမည်မဟုတ် ... ။ ။


(မိုဃ်းဝေ)



Leave a Reply.

    ======
    ခေါင်းညိတ်ရခြင်းကို ဘ၀-ထင်နေတတ်သူများအတွက် ရည်ညွှန်းပါသည် ။

    .
    (မိုဃ်းဝေ)

    .
    .
    .

    Archives

    January 2012