Night Club
မလင်းတဲ့ အမှောင်သဲ့သဲ့
ဒီနေရာမှာ
နယ်ချဲ့လို့ အုပ်စိုးနေတယ်
ဆူညံတဲ့တေးသွား
စည်းချက်ညီညီ မညီညီ
ရီဝေနေပြီဆိုရင် က-လို့ရတယ်
ဒီနေရာမှာ
စကားတွေအများကြီးမလိုဘူး
အကြည့်တစ်ချက်နဲ့တင် အားလုံးပြီးတယ်
သိထားဖို့က ...
ဒါဟာ ... ဒီခဏအတွက်ပေါ့
မနက်ဖြန်ဆိုတာ
ဒီနေရာမှာ မရှိဘူး
ကိုယ့်ဘ၀ကိုယ် မကျေနပ်တာ
ဒီနေရာမှာ မေ့ထားလို့ရတယ်
သန့်စင်ခန်းကို ခဏ၀င်
(ဖိနပ်ကြိုးကို) ပြန်ပြင်ချည်လို့ရသလိုမျိုး
ဒီနေရာမှာ
ဘ၀ကို ပြန်ပြင်ဖို့ ... ကြိုးစားလို့ရတယ် ။ ။
(မိုဃ်းဝေ)