အမှောင်ထဲလျောက်နေသူများ
အမှောင်ထဲမှာ အမှောင်ကို မြင်မြင်နေရတာ
မဆန်းဘူးမဟုတ်လား
အလင်းထဲမှာ အမှောင်ကို မြင်မြင်နေရတာတော့ ဆိုးတယ်
လမ်းလွှဲကြီးအတိုင်း ဇွတ်အတင်းလျှောက်ခိုင်းနေတာ
ချောက်ထဲက ဘ၀တွေကို အားမနာ ပါးမနာ
မီးတွေ ပျက်တုန်း
ဖုန်းတွေ ပျက်တုန်း
လမ်းတွေ ပျက်တုန်း
ရေတွေ ကြီးတုန်း
ကုန်ဈေးနှုန်းတွေ ကြီးတုန်း
အပြောတွေ ကြီးတုန်း
အဲဒီလို
ဝရုန်းသုန်းကားခေတ်ထဲ
ဗလောင်းဗလဲအကျင့်တွေ ခေတ်စားတယ်
ဗရုတ်သုတ်ခအမြင်တွေ ပေါ်ပြူလာဖြစ်တယ်
ဗာလာနံတွေ နေရာအပြည့်ယူထားတယ်
ကြာတော့
မြဲမြဲဆုပ်ခံထားရတဲ့ ခုံတွေကို သနားတယ်
မြဲမြဲဆုပ်ကိုင်ထားတဲ့ လက်တွေကို သနားတယ်
ကျီးလန့်စာ စားမလား
မိုးခါးရေ သောက်မလား
ငရဲတံခါးကတော့ ပိတ်ကို မပိတ်တော့ဘူး...။ ။
ခေလွန်း (မေလ ၁၁ရက် ၂၀၀၇)
=============================================
သစ်ရွက်ကြွေသံကြားတယ်
-တစ်ယောက်ယောက်
ကျွန်တော့်ဆီကိုလာနေတာများလား
-အရိပ်ထင်နေသော
ငယ်ဘ၀ရဲ့မီးလောင်ပေါက်ထဲ ချောင်းကြည့်လိုက်တော့
တစ်ယောက်ယောက်ဆိုတဲ့ လမ်းမဟာ
ကျွန်တော်ဖြစ်သွားတယ်
ကတ္တရာစေးတွေ ပျော်ကျလို့ ။
-အငွေ့တထောင်းထောင်း
ကော်ဖီတစ်ခွက်ဟာ ကျွန်တော်လား
ကျွန်တော့်ကိုစောင့်နေတဲ့ တယ်လီဖုန်းခေါ်သံလား။
-လေထဲမှာတော့
ငွေစက္ကူလို လွင့်လာတဲ့စိတ်ဓာတ်တစ်ခု
ဒါဆို သေချာပြီ။
-သံသရာကချိုးဝေလိုက်တဲ့ ဖဲချပ်အတိုင်း
ကျွန်တော်
တစ်ယောက်ယောက်ဆီကို သွားနေတယ်
ကျွန်တော် သွားနေတယ် ။ ။
( ပိုင်သစ်နွယ် )
=============================================
All Star
* စောညီညီ
ဖိနပ်တော့ဖိနပ်ပါပဲ
ဒါပေမဲ့ ဘာဖြစ်လို့
ဟိုးတုန်းကရော အခုထက်ထိရော
စီးနေကြတာလဲ
ဖိနပ်တော့ဖိနပ်ပါပဲ
ဒါပေမဲ့ ဘာဖြစ်လို့
ယောက်ျားလေးတွေရော
မိန်းကလေးတွေရော
စီးနေကြတာလဲ
ဖိနပ်တော့ဖိနပ်ပါပဲ
ဒါပေမဲ့ ဘာဖြစ်လို့
Kurt Kobin ရော
Snoop Dogg ရော
စီးခဲ့ကြတာလဲ
အင်း
ပြောရမယ်ဆိုရင်တော့
အများကြီးပေါ့
ဒီဖိနပ်စီးတိုင်း
ဂီတသံကိုကြားတယ် ။ ။
Dedicated to
All Star Family
=============================================
ကစဉ့်ကလျားည
ဝိုင်ချို (သင်္ချာ)
ညဆိုတဲ့ကောင်က
လရောင်ကို တစ်ဝက်ငှဲ့
ကြယ်ကလေးတွေထည့်ထည့်သောက်
သူတစ်ယောက်တည်း မူးနေတယ်
သူ့အဖို့ရာကတော့
လောကဆိုတာ ရီဝေေ၀ ။
လေရူးအမည်ခံပြီး
သစ်သီးတွေလဲခူးရဲ့
ပန်းတွေလည်းပွင့်စေသလို
ကြယ်တစ်စင်းတစ်လေကို ချွေပစ်တယ်
တစ်ခါတစ်ခါ ၀ါဝါညက်ညက်
တစ်ချက်တစ်ချက် မှိုင်းမှိုင်းပျပျနဲ့
တစ်ညလုံးမအိပ်တဲ့ည ။
သူ့ကိုယ်သူ …
သူကပြန်ဆဲ
ဆွဲထိုး … လဲကျ … ပြန်ထ
ဒီညဟာ သူတစ်ယောက်တည်း ကတဲ့ ပြဇာတ်ပေါ့ ။
သူ့ကို
ညမိုက် .. ညဆိုး .. ညတေလေဂျပိုးလို့
ခွေးတစ်ချို့တောင် ထိုးထိုးဟောင်ပြီး
ရန်ထောင်ကောင်းနေကြတယ်လေ ။
ဟုတ်ပါတယ် အချစ်ရယ်
ညီအကို မသိတသိ
ဒီလို မချိတချိညမျိုးမှာ
ငါတစ်ယောက်တည်းသာ
အိပ်မက်တွေနဲ့လဲပြီးတော့
စွဲစွဲလမ်းလမ်းကြီး
နင့်ကို … လွမ်းလွမ်းနေမိတာ ။ ။
=============================================
- အဏုမြူဗုံးမကြောက်ဘူး
ခွေးရူးမကြောက်ဘူး
ငါကြောက်တာ မျက်ရည်တွေ။
- ဒီကမ္ဘာကြီးဟာ
အိမ်မှာထိုင်နေရုံနဲ့
အားလုံးသိနိုင်တဲ့ရွာကလေးပါကွာ
မျက်ရည်တွေကို ထုတ်မသုံးကြေးအချစ်ရယ် ။ ။
( သုခမိန်လှိုင် )
=============================================
ငါး
- တစ်ဘ၀လုံးလိုလို
ငါးရယ်လို့ တစ်ကောင်တစ်လေမှမမိ
ကြည့် !!!
မိမယ့်မိတော့ စကြာဝဠာကြီး
အပေါ်ကို ဆွဲတင်လိုက်တော့
ငါ့ ငါးမျှားတံဟာ ကိုင်းညွတ်ပြီး
သက်တံဖြစ်သွား
ငါ့ကို ပြန်မျှားခဲ့ပေါ့ ။ ။
FISH
Almost all my life
I have never caught a fish
Look !!!
When I do have a catch
It’s the great Universe itself
Pulling it up
My rod bends
To become a rainbow
And begins fishing me in its turn.
MAUNG CHAW NWE
( Translated by – MAUNG THA NOE )
- တစ်ဘ၀လုံးလိုလို
ငါးရယ်လို့ တစ်ကောင်တစ်လေမှမမိ
ကြည့် !!!
မိမယ့်မိတော့ စကြာဝဠာကြီး
အပေါ်ကို ဆွဲတင်လိုက်တော့
ငါ့ ငါးမျှားတံဟာ ကိုင်းညွတ်ပြီး
သက်တံဖြစ်သွား
ငါ့ကို ပြန်မျှားခဲ့ပေါ့ ။ ။
FISH
Almost all my life
I have never caught a fish
Look !!!
When I do have a catch
It’s the great Universe itself
Pulling it up
My rod bends
To become a rainbow
And begins fishing me in its turn.
MAUNG CHAW NWE
( Translated by – MAUNG THA NOE )
ခရီးဝင်္ကပါ
(စိန်စိန်)
ခရီးကွန်ခြာ ၊ ၀င်္ကပါကို
ငါလျှင်တစ်ယောက် ၊ အားသွန်လျောက်ခဲ့ ။
နှလုံးကြေကွဲ ၊ ရင်နာပွဲနှင့်
လိမ့်လဲလွင့်ကြွေ ၊ စိမ့်မျက်ရည်နှင့်
အခြေမလှ ၊ သည်ဘ၀၌
နှင်ရသည်မှာ ၊ မောစရာပင် ။
ပမာငါ့တူ ၊ လွင့်မျောသူတို့
ကမူတကွေ့ ၊ ဆုံမတွေ့လို
ဖေးကူကြိုတွဲ ၊ ဖော်သဟဲလဲ
မြိုင်ထဲရဂုံ ၊ ငါမဆုံလို ။
တောင်ညိုမြင့်မား ၊ ကမ်းပါးနက်စောက်
ခြိမ်းခြောက်သားရဲ ၊ မြွေခဲကင်းမှောင့်
ဆူးငြောင့်ခလုတ် ၊ သစ်ငုတ်ခယောင်း
ခြုံပေါင်းနွယ်လျှိုး ၊ ဇွတ်ရှေ့တိုးလျက်
မစိုးမနှောင့် ၊ မကြောက်မလန့်
မရပ်တန့်လို ။
ငိုရယ်ကြည်နူး ၊ လှိုက်မူးဗျာပွေ
ကြမ်းထွေခက်ခက် ၊ တက်သက်ရုန်းကန်
ဘ၀မာန်ဖြင့် ၊ အံကိုခဲ၍ နွှဲပါမည် ။
စဦင်္းမထင် ၊ ဆုံးမမြင်သည်
နှင်၍မပြီး ၊ သည်ခရီး၌
ကိုယ်ထီးသာပင် ၊ လျောက်နေချင်သည်
ဘယ်တွင်ဆုံးရိပ် မမျှော်လို ။ ။