အလွမ်းနဲ့ညနေ
ဟောဒီမှာ
အလွမ်းတွေကို တိတ်တဆိတ်ထုပ်ပိုး
တိမ်ခိုးနဲ့မျောလွင့်တဲ့အချိန်
ငါ . . . အိမ်ပြန်ချိန်တွေလဲ မေ့နေတတ်တယ်
ဘာတွေမှန်းလဲမသိ
ဘာတွေမှလဲ မရှိ
ငါ ... ကြည့်သာကြည့်နေတယ်
ဘာမှ မမြင်မိဘူး
ငါ သွားသာသွားရတယ်
ဘာခြေရာမှလဲ
မကျန်ခဲ့ဘူး
အဲ့ဒီညနေအကြောင်း
ပြောသာပြောရတယ်
တကယ်တော့
အလွမ်းတွေ
သေငယ်ဇောနဲ့ မျောတဲ့ညနေ ။ ။
(မိုဃ်းဝေ)