လက်

*
လူနဲ့ လက်နဲ့ ခွဲရခက်တယ် …။


 
*
ညစ်ပတ်တဲ့ အ၀တ်တွေ


လျှော်ဖွတ်ခဲ့တဲ့ … လက်

မြင့်မြတ်တဲ့ အရာတွေ

ဖန်တီးခဲ့တဲ့ … လက် ။

 
*
တရားသဘောရစေတဲ့ … လက်


အများသဘောကျစေတဲ့ … လက် ။

 
*
မဟုတ်တာတွေ လုပ်တော့လဲ


ဒီ … လက်

ဟုတ်တာတွေ လုပ်တော့လဲ

ဒီ … လက် ။

 
*
မကောင်းမှု လုပ်တဲ့ … လက်


ကောင်းမှု လုပ်တဲ့ … လက် ။

 
*
ပေးကမ်းတဲ့ … လက်


တောင်းရမ်းတဲ့ … လက် ။

 
*
ထမင်းချက်နေတဲ့ … လက်


ထမင်းငတ်စေတဲ့ … လက် ။

 
*
တစ်ဖက်ပဲ ပြတ်ပြတ်


တစ်ချောင်းပဲ ဖြတ်ဖြတ်

လက်ကတော့ … လက်ပဲ ။

လူနဲ့ လက်နဲ့ ခွဲရခက်တယ် …။

 
*
ရာဇ၀င်မှာ


သူရဲကောင်းရွေးတဲ့ … လက် ။

 
*
နန်းတော်တိုင်မှာ ထုံးသုတ်မိလို့


ရှင်ဘုရင်ကိုယ်တိုင်

ကိုယ့်လက်ညှိုးကိုယ်ပြန်ဖြတ်

အဲ့ဒီလို … လက်ပေါ့ ။

 
*
ခေါင်းလျှော်တဲ့ … လက်


ခြေဆေးတဲ့ … လက်

ဆေးဆိုးတဲ့ … လက်

ဆေးထိုးတဲ့ … လက်

ဂိမ်းဆော့တဲ့ … လက်

လူနဲ့ လက်နဲ့ ခွဲရခက်တယ် …။

 
*
သူများအပြစ်ကို


လက်ညှိုးထိုးတဲ့ … လက်

မိုးကြိုးပစ်ရင်

ထန်းလက်ကာမယ့် … လက် ။

 
*
ဖောက်ပြန်တဲ့ … လက်


ထောက်ခံတဲ့ … လက်

အလုပ်ရှုပ်နေတဲ့ … လက်

အရှုပ်လုပ်နေတဲ့ … လက်

လူနဲ့ လက်နဲ့ ခွဲရခက်တယ် …။

 
*
အနုပညာလက်


တင်းပုတ်လက်

ကျွန်းခံနေတဲ့ လက်

အမျိုးမျိုး အစုံစုံ

သတ်မှတ်ကြတဲ့ … လက် ။

 
*
လက်ကိုကြည့်ပြီး


လူကို ခွဲခြားတယ်

လူနဲ့ လက်နဲ့ ခွဲရခက်တယ် …။

လက်ရဲ့ အလုပ်မှာ


လူဟာ … အမျိုးစုံပြောင်းလဲရတယ်

လူနဲ့ လက်နဲ့ ခွဲရခက်တယ် …။

( ထပ်ပြောပါဦးမယ် )

လက်ကိုကြည့်ပြီး

လူကိုခွဲခြားတဲ့ လောကကြီးမှာ

လူနဲ့ လက်နဲ့ ခွဲရခက်တယ် ။     



(မိုဃ်းဝေ)

 

 

 

 

 

 

 

 

 

 

 


7/2/2010 03:12:15 pm

စာရေးတဲ့..လက်
ကဗျာရေးတဲ့....လက်
ဒီလို ကဗျာမျိုးလေးတွေ..
ရေးနိုင်တဲ့လက်...
ရွှေချထားဖို့ကောင်းတယ်...။ ။

Reply
7/2/2010 04:04:43 pm

လက်ကိုကြည့်ပြီး

လူကိုခွဲခြားတဲ့ လောကကြီးမှာ

လူနဲ့ လက်နဲ့ ခွဲရခက်တယ် ။ ။
******************
ပာုတ်တယ်
လက်လှုပ်မှ ပါးစပ် လှုပ်ရတယ်တဲ့
လုပ်ရတော့ ညာလက်
ဝတ်ရတော့ ဘယ်လက် တဲ့
လက်နဲ့ပတ်သက်ပြီး အမျိုးမျိုးပေါ့
လူနဲ့ လက်နဲ့ ခွဲရခက်တဲ့ လောက ကြီးကို
အပေါ်လွင်ဆုံး ဖေါ်ပြသွားခဲ့တဲ့ ကဗျာလေး
တစ်ပုဒ်ပဲ ........

Reply
9/7/2012 02:32:38 am

မမြသွေးနီရဲ့ ဘလော့ စာမြည်း ကဗျာလေး ဖတ်ပြီး
ကဗျာလေး လာရောက်အားပေးသွားပါတယ်။
ကဗျာတစ်ပုဒ်လုံး သုံးထားတဲ့ စာသားတွေ ရော ရေးထားတဲ့ အိုက်ဒီယာရော အရမ်းကို နှစ်ခြိုက်မိတယ်။

Reply
မိုဃ်းဝေ
9/7/2012 02:50:06 am

ကျေးဇူးတင်ပါတယ် .. :)

Reply

"လက်ကိုကြည့်ပြီး
လူကိုခွဲခြားတဲ့ လောကကြီးမှာ
လူနဲ့ လက်နဲ့ ခွဲရခက်တယ်"
သိပ်လှတဲ့ ကဗျာလေးပါ
အားပေးသွားပါတယ်ဗျာ ... :)

Reply



Leave a Reply.

    . . .

    လူနဲ့ လက်နဲ့ ခွဲရခက်တယ် ... ။

    ( 27'June'2010 )